moe
Chords
Transpose0
မိုး
Verse 1
မေ့ပြစ်လို့ရဦးမလား
ဒဏ်ရာ နာကျင်ခြင်းများ ဒီလိုနေ့ရက်တိုင်း၊ မျှော်လင့်ခြင်းများရဲ့
လမ်းဆုံးရောက်နေခဲ့လို့ ရခဲ့တဲ့ အချစ်များဝေး ကြင်နာခဲ့ခြင်းရယ်
မိုးစက်လေးတွေ ကြွေနေချိန်ပဲပေါ့ချစ်သူရှိသောမိုး
အချစ်ဆုံးရှိချိန်လေးများ တစ်သက်လုံး မေ့နိုင်မှာလား
အချစ်မိုးလေးသည်းပါဦး . . . .
Chorus
သည်း သည်း မည်း မည်း ရက်စက်တဲ့မိုးရေ
အကြင်နာတွေ သွန်းဖြိုးဦး
ရက်ရက်စက်စက်ထားခဲ့တဲ့မိုးရေ
နှုတ်ဆက်ခဲ့ပြီနော်
မိုးတိမ်တွေရယ် ညိုကာမဲခဲ့ရင်လေ
ကိုယ်ကြွေပြီ မိုး
Verse 2
အလွမ်းလေးများ ကိုယ်တားဆီး
နေနိုင်မယ်ထင်နေခဲ့လည်း မိုးစက်တွေ နှိပ်စက်ပြီ
ဝေဒနာတွေ ချွေတဲ့မိုး ရက်စက်သော မိုး
အချစ်ဆုံးရှိချိန်လေးများ ကိုယ်မျှော်လင့်ရမှာလား
အချစ်မိုးလေး သည်းပါဦး။
Outro
ဘယ်ရှောင်ပြေးရမှာလည်း တိမ်မိုးသားများ ဖုံးလွှမ်းနေတယ်
သည်းကြတော့မယ် ဒီအချိန်တွေကို ကိုယ်ကြောက်မိတယ်
ကိုယ့်ချစ်သူရယ်
ခုများတော့ မုန်းပြီ မိုး . . . .
ကိုယ်ကြွေပြီမိုး . . . ကိုယ်ကြွေပြီမိုး . . . .
