Skip to content
Myanmar Lyrics

Explore music

hnin si kabyar

Transpose0
Auto scroll
30 px/s

နှင်းဆီကဗျာ

Intro
C
Am
F
Fm
Round Chord
Verse 1
C
အမှောင်ကြောက်တဲ့မင်းအတွက်
ကြယ်လေးတွေသီထားတယ်
Am
အချစ်ရယ်ဆက်ထုံးကင်းကင်းနဲ့
စိတ်ချင်းငါတို့ချည်ကြမယ်
F
တိမ်တွေကိုအမြဲတွယ်ထားတဲ့
ကောင်းကင်စိုက်ခင်းထဲမှာ
Fm
အမျိုးသမီးလေးတစ်ယောက်ဟာ
လှချင်တိုင်းကိုလှနေပါတယ်ဗျာ
C
တောင်တွေဟာနိုးလေမြှင့်လေပဲ
လွယ်လွယ်နဲ့အစစ်မထင်ပါနဲ့
Am
ဂုဏ်ဓနဟာသုညမို့လို့
အချစ်ရယ်အပြစ်မမြင်ပါနဲ့
F
အသံကုန်ဟစ်လို့
အလွမ်းတွေသာပြနိုင်မယ်ဆိုရင်လေ
Fm
ဒီတစ်ခေါက်နွေတော့
ကျွန်တော်ညပြလေးတစ်ကောင်သာဖြစ်ချင်ပါရဲ့
C
သူ့အကြောင်းအိပ်မက်တွေညနဲ့ဆုံဖို့
ကျွန်တော်မလုပ်နိုင်ဘူးဗျ
Am
အချစ်ခရီးဟာဖြစ်ပြီးရင်
ပြန်မဆုတ်နိုင်ဘူးဗျာ
F
နှင်းဆီပန်းလေးဟာ
သတိရလွန်းလို့လွမ်းနေရရှာတယ်
Fm
ကိုယ့်ထမင်းကိုယ်စားပြီး
သူများသားသမီးကိုလွမ်းနေရပါတယ်....
Chorus
C
မှောင်မဲချိန်တိုင်းမှာ
အလင်းပေးနိုင်ဖို့....
Am
ဖယောင်းတိုင်တစ်ချောင်းလိုမျိုး
လောင်ကျွမ်းမယ့်သူပါ....
F
ဘဝရဲ့ကွက်လပ်များ
ပြည့်နှိမ့်ဖို့....
Fm
မင်းငါ့ကိုပေးခဲ့သော
အချစ်ရဲ့အဓိပ္ပါယ်များ....
Verse 2
C
ငှက်ကလေးနှစ်ကောင်ပူးကပ်လို့လေမှာဝဲပျော်
တွေ့လားအချစ်ကလေးမင်းမော့ကြည့်လိုက် မင်းနဲ့ငါလိုပဲပေါ့
Am
မင်းမရှိရင်သေမှာပဲနော်....
အချစ်ကိုချိုတယ်ခါးတယ်ဆိုပြီး အရသာခွဲမနေပါနဲ့တော့
F
အရင်ကဘာသာမဲ့တဲ့ကောင်
မင်းကိုမကိုးကွယ်တတ်လာတာ
Fm
မင်းဆံပင်လေးကိုနားရွက်နောက်ပို့ရတဲ့အချိန်တိုင်းဟာ
ရက်ရာဇာ
C
မတွေ့ရတဲ့တစ်ရက်တာဟာ
ရာသီများစွာအလား မင်းပါးလေးအမြဲတိုင်ညှစ်ချင်တာ အာသီသပါကွာ
Am
အခုကအတကျိုးစားနေ
ဖြစ်ပြီအလုပ်အကိုင်အတည်တကျ ငါ့အမေပြီးရင်မင်းကိုပဲ အချစ်ဆုံးဆိုတာသိလား
F
အမြဲတမ်းဖက်ထားအိပ်မက်ထဲ
နိုးလာရင်မင်းမရှိဘူး အိပ်ယာထဲမျက်စိဖွင့်တိုင်း မင်းကိုရှာတာမင်းမသိဘူး
Fm
မင်းကနှင်းဆီဖွေး
ကိုယ်ကဆူးညှောင့်ပါအချစ်ရယ် ဝင်သက်ထွက်သက်တိုင်းမှာ မင်းကိုရူးလောက်အောင်ချစ်တယ်
C
လက်နက်ချအရှုံးပေးလို့ဒူးထောက်ပါတယ်
ပူလိုက်အေးလိုက်အချစ်ပုစ္ဆာထဲမှာ အရူးတစ်ယောက်လိုပါပဲ...
Chorus
Verse 3
C
ဆော်လေးသရဏဂုံရွတ်မိဆိုတော့
ဝိုင်းပြီးတော့လှောင်ကြတယ် မင်းရဲ့နှလုံးသားလယ်ယာမြေမှာ ငါ့မျိုးစေ့ပဲအောင်ရမယ်
Am
ဘဝမှာရုန်းကန်ရတာခက်ခဲလို့
ဘယ်လောက်ပဲပင်ပန်းစေအချစ်ရယ်
F
မင်းပြုံးလိုက်လို့
သွားလေးတွေပေါ်လာတိုင်း ရင်ထဲမှာပန်းတွေပွင့်တယ်
Fm
နာတာရှည်အလွမ်းတွေနဲ့
အိပ်မက်ဇာတ်ညွှန်းပြန်လို့ဆေးချယ် သက်တန်းစေ့ရှည်သန်ချင်ပါတယ် ဘဝရဲ့ရဲတိုက်လေးနဲ့
C
တစ်နေ့ကျလက်ထပ်ဖို့စိတ်ကူးယဉ်
အနာဂတ်မှာလက်တွေ့ကျ မင်းစိတ်တိုင်းကျပုံဖော်ထားတဲ့ အိမ်ကလေးထဲဖက်ပွေ့ကြ
Am
မိသားစုဆိုတဲ့အသိုက်အမြုံထဲ
ငါတို့နှစ်ယောက်နွေးထွေးစွာ ဆံပင်ကောက်ကောက်ပါးဖောင်းဖောင်း သမီးလေးမွေးပေးပါ
F
ပစ္စုပ္ပန်ထက်အနာဂတ်အရေးကြီးတယ်
မင်းတွေးခါသမျှတွေ ဘယ်နေ့သေမှန်းမသိတဲ့ဘဝမှာ ဒီနေ့ပဲငါပျော်ပါရစေ
Outro
C
Am
F
Fm
C
Am
F
Fm
မင်းငါ့ကိုပေးသော
C
အဓိပ္ပါယ်များ....