carbon dioxide

Chords

Transpose0

Chord Diagrams

Dm××Bb×FC×

ကာဗွန်ဒိုင်အောက်ဆိုဒ်

Intro
Dm
Bb
F
C
(Round Chords)
အတိတ်ကမင်းနဲ့အကြောင်းတွေ ကြိုးစားမေ့ကာ ဖျောက်လိုက် ငါ့ခေါင်းနဲ့ငါ့ခန္ဓာကိုယ် အိုးစားကွဲအောင် လျှောက်ရိုက်
လမ်းတွေလျှောက်လိုက် သတိရစိတ်တွေကို ဝင်နှောက်လိုက် တကယ်တော့အချစ်ကငါ့အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်
Dm
Bb
F
C
Verse 1
Dm
နင်လဲအခုဆို
ရင့်ကျက်လို့နေပြီ ငါလဲအခုဆို ရင့်ကျက်သင့်ပါပြီ..
Bb
အိုဘဝတွေခြား
ဝေးသွားမှ ဘာများလဲခဲသိ
F
နင်လဲအခုဆို
တခြားတစ်ယောက်ရှိလောက်ပြီ...
C
ငါတွဲဖူးတဲ့
လက်ကအခြားတစ်ယောက်စီ
ငါယုံကြည်လိုက်ပါပြီ မင်းတို့ခုဆို အချစ်သစ်စလောက်ပြီ...
Pre
နင်ငါ့ကိုမုန်းသွားတာလည်း ဒါငါ့ကြောင့်ပဲ ငါလုပ်တာပဲ အားလုံးငါ့ရဲ့အပြစ်တွေပဲ
နင်ချစ်သမျှပုံပြောချင်ရဲ့နင့်ရဲ့အကြိုက်တွေ နင်မကြိုက်တဲ့စရိုက်တွေ အားလုံးမင်းနဲ့ဝေးစေဖို့
Chorus
ကျေးဇူးပြု၍ကွာ မင်းငါ့ထက်သူကိုမြတ်နိုးပေးပါ... ကျေးဇူးပြု၍ကွာ မင်းသူထက်နားလည်မှုများပေးပါ
ငါဖြတ်နိုးမျိုးခဲ့တဲ့ ဒီပန်းလေးကြီးသွားမှာ မလိုလားလို့ပါ... ကျေးဇူးပြု၍ကွာ အဆုံးထိ မင်းငါ့လို ချစ်သွားပေးပါ
(ဟိုး .... ဟူး .... ဟိုး နားလည် ဟိုး .... ဟူး .... ဟိုး ဟိုး .... ဟူး .... ဟိုး ) x2
Rap 1
အဲဒီတုန်း ငါ့ကိုငါ ထင်နေတာ ငါကမှန်တဲ့သူ ကိုယ့်ကိုယ်ကိုယ်အမှန်နဲ့လှူဆိုပြီးတော့ သူ့ကိုရန်ပဲမူ
တစ်ပင်လဲဟူ နောက်တစ်ပင်ထူမယ်ဆို အဲဒီလိုမျိုးအကြံနဲ့လူ မခံခဲ့ဘူး မင်းပြောသမျှတစ်ခုကို လက်မခံသင်ခဲ့ဘူး
ဟုတ်ပါတယ် မင်းငါနဲ့တွဲရင် မင်းတဖြည်းဖြည်း စုတ်ယုတ်မှာပဲ ငါ့ဘဝထဲ နင်ဝင်လာတာကိုပဲ ငါက အရှုပ်ထုတ်အထာနဲ့
မင်းကိုအမြဲ အလုပ်ရှုပ်တာပဲ ပြောပြီးတော့ သမုတ်ထုတ်တာပဲ ကိုယ့်ကိုယ်ကိုယ်အဟုတ်လုပ်ကာလဲ အခြားသူ့အစုတ်ရုပ်တာ
မင်းသိလို့သွားလဲ ငါဘာများမင်းတားလို့နားလဲ ပတ်ဝန်းကျင်ပြောလို့ပြန်ကြားလဲ ငါမင်းကိုလိမ်လည်ကာထားဆဲ
ငါသနားတယ် မင်းကိုငါတကယ်ပါသနားတယ် အခုစဉ်းစားရင် ငါအရမ်းမှားတယ်
အချစ်စိတ်တွေမွန်ကာသွားတဲ့ ငါကတကယ်ဆိုအရူးသားပဲ
အရုပ်ကတောင်သနားတယ် မင်းအတွက်ငါ့တာပိုများတယ်
မင်းငါ့ကိုလိုတာများထက် ပိုကာချစ်တာကိုသိသွားခဲ့လို့ငါလှည့်စားခဲ့
အချစ်ဆိုတာတကယ်အလကာပဲ မယုံကြည်နဲ့ဆက်သွားရင်အမှားပဲ
ပတ်ဝန်းကျင်တိုင်းကား ထားလည်း မင်းငါ့ဘက်က ရပ်တည်ကာထားမြဲ
ဟုတ်တယ်ဒါအမှန်တရားပဲ ဘာမှ မင်းအတွက်ငါမတရားခဲ့ ဝန်ခံဖို့သတ္တိအားနည်း
တောင်းပန်တယ်မင်း ထွက်မသွားပါနဲ့ကြောက်ခြားစွာနဲ့ငါတောင်းပန်နေတာပါ
ကျေးဇူးပြုပြီး ငါ့အနားကို ပြန်လာပါကွာ
Chorus
Rap 2
ဟုတ်ပါတယ် ငါဟာလူဆိုးပါ မင်းယုံကြည်တဲ့ မျှော်လင့်ချက်တွေကိုအကုန်ရိုက်ချိုးကာတနေ့မှာ
သဝေထိုးကမင်းရဲ့ဘဝကိုဒိုးနှီမှာ ဒီလိုမျိုးစိတ်ဓာတ်တွေဆိုးရွှားခဲ့
အဲဒီတုန်းက ငါ့ရဲ့အချစ်က ပုံရိပ်မထင်ပါ ဝိုးတဝါးနဲ့ ရိုက်မင်းပါမကျေနပ်သေးရင်
ငါ့ပါးနှစ်ဖက်ကိုတစ်ချက်ဆီဟာ တကယ်တမ်းတော့ငါ့ဆီမှာမရှိတာ စွန့်လွှတ်ဖို့ဆိုတဲ့သတ္တိပါ
နောက်ပြီးတော့ မပြောစမ်းပါနဲ့ စကားကြမ်းဝေဒနဲ့ Heart ထဲစာချက်ပြီကွာ ကဲလွမ်းပိုင် ဆိုတဲ့ကောင်မင်းမှတ်ပြီလား
မင်းပြောသလိုသူပြန်ပြောပြီ သူကမင်းကိုတကယ် အထင်သေးသွားပြီ သူ့ဘဝမှာမင်းမရှိလဲ အဆင်ပြေတယ်
ဪတကယ်ဝေးသွားပြီ တကယ်ဆိုမင်းက အပြောနဲ့အလုပ်အိုစက်လေးမှမညီ ဝေးရပြီ အဲဒီကလေးမသည်
တချိန်တုန်းကငါ့ရဲ့ချစ်သူလေးကို အခုငါသတိရသည်...။
End
(အတိတ်ကမင်းနဲ့အကြောင်းတွေ ကြိုးစားမေ့ကာ ဖျောက်လိုက် ငါ့ခေါင်းနဲ့ငါ့ခန္ဓာကိုယ် အိုးစားကွဲအောင် လျှောက်ရိုက်
လမ်းတွေလျှောက်လိုက် သတိရစိတ်တွေကို ဝင်နှောက်လိုက်
တကယ်တော့အချစ်ကငါ့အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်) x2